မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။The Handmaiden တဲ့…IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ်ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။
စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီးအဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။8.8 millions သုံးခဲ့ပြီး box office မှာတော့38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့်ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။သိမ်မွေ့တယ်ပေါ့။လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့လူလိမ်မိသားစုက ကောင်မလေးကိုအိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။Hideko ဟာ ဂေးရှားမယ် တစ်ယောက်လို ပုံသွင်းခံထားရတဲ့သူ။လိင်အာသီသတွေ တလှိုက်လှိုက်တစ်လွှာချင်းပွင့်ထွက်လာဖို့ ဖျော်ဖြေပေးရတဲ့ Entertainer .. ။တစ်ခုပဲ … သူ ဘာကိုမှ ဖော်ချွတ်နေစရာ မလိုအပ်ဘဲရှေးဟောင်းစာအုပ်တွေကို ဖတ်ပြရုံပဲ။သူ့ကို ထိန်းချုပ်ထားခဲ့တာက သူ့ ဦးလေး။သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ဖြူဖြူနွဲနွဲ့ Hideko ရဲ့အတွင်းစိတ်…သူတကယ်ရော သူ့အပြင်ပုံပန်းသဏ္ဍာန်ကလေးလို သူ့စိတ်၊ သူ့နှလုံးသားကလီလီပန်းပွင့်ကလေးနဲ့ တူရဲ့လား။Sook Hee ကရော မြို့စားမင်းကို လက်ထပ်ချင်လာအောင်တကယ်ပဲ သိမ်းသွင်းနိုင်ခဲ့ပါ့မလား။ချစ်ခြင်းမေတ္တာနဲ့ လိင်စိတ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးမှာပဲသီးသန့်ဖြစ်တည်နိုင်တာလား။မိန်းကလေးချင်းရော ချစ်လို့မရဘူးလား။သူတို့နှစ်ယောက်ကို ခွဲမယ့် Hideko ဦးလေးနဲ့ Fujiwara လက်ကရောသူတို့ လွတ်ပါ့မလား။အလိမ်အညာနဲ့ တည်ဆောက်ထားတဲ့၊ တည်ဆောက်တော့မယ့်ဘဝထဲကနေ မာယာနဲ့ ဘယ်လိုပြန်ရုန်းထွက်မလဲ။Lesbian ဇာတ်ဝင်ခန်းတွေ၊ Bdsm ဆန်ဆန် အခန်းတစ်ချို့နဲ့ စိတ်ဝင်စားစရာကောင်းလောက်အောင် တည်ဆောက်ထားတဲ့ဒီဇာတ်လမ်းဟာ IMDb rating 8.1 ရနေတာဟာအဆန်းတော့ မဟုတ်ဘူး။ မိန်းမမာယာဆိုတာ သွားရှုပ်လို့တော့ မရဘူးပဲ…
Review Credit : Myat Thet Chell
0 Comments: